26.5.12

အိမ်ပြေး

Airplane

်အိမ်ပြေးလေး တစ်ယောက်အကြောင်း ပြောပြချင်ပါတယ်

တစ်ခါတုန်းက တောအုပ်တစ်ခု မှာ ကျားသစ် မိသားစု တစ်စု နေထိုင်ကြပါတယ်….။

အဲဒီ တောအုပ်ထဲ မှာ ပဲ ထူးဆန်းတဲ့ ယုန်လေးတွေလဲ နေထိုင်ကြ သတဲ့..။

တစ်နေ့  ကျားသစ်မိသားစု ထဲက  သားကြီး ကျားသစ်  ဟာ  ယုန်လိုက် ထွက်ခဲ့ ပါတယ်…

ကိုကျားသစ်ဟာ ထူးဆန်းတဲ့ ယုန်ကို ဖမ်းမိ ပါတယ် …

ဒါပေမယ့်   အဲဒီ ဖမ်းမိထားတဲ့ ယုန် လေး ဟာ      ကိုကျားသစ်   ရဲ့ လက်ထဲမှာ ပဲ  တစ်ဖြည်းဖြည်း နဲ့   

မီးခိုးငွေ့ အဖြစ် ပြောင်းသွားပြီး  ကိုကျားသစ် ရဲ့ ရှေ့မှာ ဘွား ကနဲ နောက်တစ်ကောင် အဖြစ် ပေါ် လာပါတယ် ။

ပေါ်လာတဲ့ ယုန်လေးဟာ နဂို ဖမ်းမိခဲ့ တဲ့ ယုန်   ထက်  ပိုလှပိုချစ်စရာကောင်းပါတယ်…

အဲဒါကြောင့် ကိုကျားသစ်ဟာ ယုန်လေးနောက်ကို လိုက်ဖမ်းနေပါတော့တယ်……။

        “ ဖေဖေ   ကိုကြီးက ဘယ်တော့ ပြန်လာ မှာလဲ ဟင် ”ကျားသစ်ပေါက်စလေးက ယုန်လိုက်ထွက်သွားတဲ့

သူ့အစ်ကို အကြောင်းကို သူ့အဖေ အားမေးနေခြင်းဖြစ်သည်  ။

    “ ပြန်လာ မှပေါ့ သားရယ်  …..မင်းအစ်ကိုဟာ ယုန်လေးတွေ လိုက်လို့ မောသွားတဲ့ တစ်နေ့ ပြန်လာမှာပေါ့”

ညီလေး ကျားသစ်ဟာ လည်း သှူု့အစ်ကို ပြန်အလာ စောင့်နေပါသတဲ့ကွယ်

တစ်နေ့ကျ ရင် သူ့အစ်ကိုလိုပဲ သူလည်း တစ်နေ့ ယုန်လိုက်ထွက်ရဦးမယ် ဆိုတာ ညီလေး

ကျားသစ်မသိရှာဘူးသတဲ့ကွယ်….။

                           BunnyBunny

ပုံပြင်လေးက တော့ဒါပါပဲ ကွယ် 

သင် လည်း ယုန်လိုက် ထွက်ဖူးကောင်းထွက်ဖူးပါလိမ့်မယ် ဒါမှ မဟုတ် ယုန်လိုက်မထွက်ဖူးတဲ့ သူလည်း ဖြစ်

နိုင်ပါတယ်..

ဘယ် လို ပဲဖြစ်ဖြစ် အဲဒီထူးဆန်းတဲ့ ယုန်ကို ဖမ်း မိထားရင် ဖြစ်ဖြစ်  ဖမ်းမိခဲ့ရင်ပဲ ဖြစ်ဖြစ် ကျွန်တော့် ကို

အကြောင်းကြားစေလိုပါတယ်…

                                                                                               ဘုန်းနေ

No comments:

Post a Comment